Terms of Service

နောက်ဆုံး update — ၂၀၂၆ ခုနှစ်

၁။ လက်ခံခြင်း

တန်ဖိုးစစ် app ကို အသုံးပြုခြင်းဖြင့် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရန် သဘောတူပြီး ဖြစ်ပါသည်။

၂။ "As-Is" အသုံးပြုခြင်း

ဤ app ကို "ရှိသည့်အတိုင်း (as-is)" ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ မည်သည့် warranty မျိုးကိုမျှ အာမခံခြင်း မရှိပါ။ App အသုံးပြုခြင်းသည် အခမဲ့ဖြစ်ပြီး မည်သည့်အချိန်တွင်မဆို ပိတ်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသည်။

၃။ Data တိကျမှု Disclaimer

ဤ app မှ ဖော်ပြသော ကားနှင့် အိမ်ခြံမြေတန်ဖိုးများသည် ပြည်တွင်းအခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်များမှ ရယူထားသော ကိုးကားချက်များသာ ဖြစ်ပါသည်။ တရားဝင် အခွန်စည်းကြပ်ရန်အတွက် မဟုတ်ပါ။အချက်အလက်များ ခေတ်နှင့်မလျော်ညီဖြစ်နိုင်သလို၊ အမှားအယွင်းများ ပါဝင်နိုင်ပါသည်။ တရားဝင် တိကျသော တန်ဖိုးသိရှိရန် ပြည်တွင်းအခွန်ဦးစီးဌာနသို့ တိုက်ရိုက် သွားရောက်စုံစမ်းပါ။

၄။ တာဝန်ယူမှု ကန့်သတ်ချက် (Liability)

App ၏ data ကို အားကိုးပြီး ပြုလုပ်သော ဆုံးဖြတ်ချက်များ (အခွန်တွက်ချက်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း စသည်) မှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု၊ ပျက်စီးမှု၊ နစ်နာမှု မည်သည့် အမျိုးအစားအတွက်မျှ app တာဝန်ရှိသူများ မှာ တာဝန်မယူပါ။

၅။ အသုံးပြုမှု ကန့်သတ်ချက်

App ကို တရားဝင် ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရပါမည်။ Server ကို scrape လုပ်ခြင်း၊ automated abuse လုပ်ခြင်း၊ malicious request ပို့ခြင်း တို့ကို တားမြစ်ပါသည်။

၆။ ပြောင်းလဲခြင်း

ဤ စည်းကမ်းချက်များကို အချိန်နှင့်အမျှ update လုပ်နိုင်ပါသည်။ App ကို ဆက်လက်အသုံးပြုခြင်းဖြင့် update လုပ်ထားသော စည်းကမ်းချက်များကို လက်ခံပြီး ဖြစ်ပါသည်။

Privacy PolicyAbout